လမင်းရေ ...
နာကျင်နေတဲ့ အိပ်မက်မြစ်ဖျား
ပြီးတော့ သူ့ရဲ့အနားသတ်အဆုံး
ဘ၀ဆိုတဲ့ အသုံးနှုန်းမှာ
ပျော်ရွှင်စွာနဲ့ ကျဆုံးနေတယ် ...
လမင်းရေ ...
ရောခ့်သီချင်း ကြမ်းကြမ်းတွေ +++
ပန့်(ခ်)သီချင်း သွက်သွက်တွေ +++
အော်တာနေး(လ်)တစ် သံစဉ်တွေ +++
Death ဂီတရဲ့ သီချင်းတွေ +++
မြတ်နိုးကိုးကွယ် နမ်းရှိက်
ကန်လန့်တိုက်ချင်ခဲ့တဲ့စိတ်မှာ
တဆင့် ဆင့်နဲ့ အရစ်လျှော့
ခပ်ချာချာ ဟစ်ဟော့သီချင်းတချို့ကလွဲရင်
Rap သီချင်းဆိုရင်း စီးမျှော
ပျော်ရွှင်ခြင်းတွေ တမ်းမောတတ်နေပြီ ...
လမင်းရေ ...
ကဗျာပါးပါးလေးတွေ ရေးတဲ့
ပေါ့ပေါ့လေးတွေ တွေးတဲ့
အပျော်ပါးနဲ့ ပေါ့ပါးတတ်တဲ့ ... ငါ
ရောင်းတမ်းမ၀င်တဲ့ သမိုင်းစာမျက်နှာတွေ
ကျောင်းခန်းမသင်တဲ့ သမိုင်းစာမျက်နှာတွေ
ဇာတ်ပေါင်းခန်းမမြင်တဲ့ သမိုင်းစာမျက်နှာတွေဖတ် ...
နှစ်ဖက်အမြင် ဘေးကျပ်နံကျပ်မှာ
တတိယမျက်လုံးနဲ့ ပြုံးပျော်
တွေးခေါ်တတ်စ ပြုနေပြီ ...
လမင်းရေ ...
တချိန်ကဆို .... ငါလေ ....
မာဘိုရိုလ် ကြိုက်တယ် +++
ကော်ဖီ ကြိုက်တယ် +++
စရိုက်လည်း ကြမ်းတယ် +++
မင်းကိုလည်း လွမ်းတယ် +++
ပေါက်ကွဲလွယ်တယ် +++
လျှောက်လည်းလည်တယ် +++
အဆိပ်တောက်လည်း နှစ်ခြိုက်တယ် +++
သစ်ရွက်ခြောက်လည်း မီးမြိုက်တယ် +++
ငါ့ကိုယ်ငါထက် မင်းကိုချစ်တယ် +++
ခြေလှမ်းတိုင်းက မင်းအတွက်ဖြစ်တယ် +++
ချစ်ခဲ့တဲ့ညနေမှာ နစ်ခဲ့တာကြာခဲ့တယ် ...
တကယ်တော့ ငါဆိုတာ ...
ငါကိုယ်တိုင်ထက် ပိုမချစ်နိုင်တဲ့
မောဟပါးပါးနဲ့ အတ္တသမားတယောက်
နှလုံးသားက ညာဘက်ရောက်နေတယ် ... ။ ။
No comments:
Post a Comment