Monday, January 14, 2013

ညမိုက်

သီအိုရီတွေ ပျောက်တဲ့ည
အလှပတွေ တန်ဆာဆင်ရင်း
တိမ်ညိုအလွမ်း အလှမ်းကမသင့်
တစစ်စစ်နဲ့ ကောင်းကင်ကိုက်သံ
အမြင်မသန်ခြင်း တဒင်္ဂနှင့်
တစစဆုံးလို့ ချုန်းခဲ့တယ်
ပျောက်ဆုံးလု အပြုံးတစကို
ခပ်ဟဟ ရှိက်ထုတ်ရင်း
ငါ ... ကိုယ်တိုင်ဆန္ဒနဲ့
လေပြေမျှားခဲ့တဲ့ တံငါ
ခုတော့ ...
ကြယ်စင်တွေ အမြင်မှာပုန်း
အမှောင်အတိဖုန်း သံစဉ်အဆုံးထိ
ရင်မှာ ထိရင်းညိတွယ်
စိတ်မှာညိရင်း ထိလွယ်
ပြတ်ရှလွယ် ရုပ်သဏ္ဍာန်နဲ့
ဝဲလည်အတွေးကို ခဏရပ်ရင်း
ဂီတတစ နားထဲချလိုက်တယ်
ရှတတသံစဉ် ရင်ချည်တဲ့ကြိုး
one republic ရဲ့ စာချိုးမှာ
ရင်ကိုတည့်တည့်ထိတယ်
ဒီညမှ ... မိုးရွာလွန်းတယ် ... ။      ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...