တဖြည်းဖြည်း ဝေးလို့ ... လွင့်လို့ ...
သစ်ရွက်ခြောက် တရွက်နဲ့ ကော်ဖီခွက်ကို မေးတင်
ပုရွက်ဆိတ် တကောင်ရဲ့ အိပ်မက်ဟင်းလင်းပြင်က
မိုနာလီဇာ မဟုတ်တဲ့ ထန်းလျှက်ခဲ
ငါဆွဲနေတာ မင်းရဲ့ပုံတူ
မြင်နေရတဲ့ ငါရဲ့ စိတ်မျက်လုံးတစုံကလွဲရင်
လူတိုင်းပြောတယ် မ .. တူ .. ဘူး ! တဲ့
လေပြေရဲ့တိမ်မျှင်မှာ .... မင်း
ရူးသွပ်ခြင်း တွေလား ....?
ဟော ....
တဖြည်းဖြည်း ဝေးလို့ ... လွင့်လို့ ...
သ တိ ရ နေ တယ် . . . . . ။ ။
No comments:
Post a Comment