Friday, April 6, 2012

တမ်းချင်းမဲ့ ကဗျာ

ကဗျာမဟုတ်တဲ့ ကဗျာတပုဒ်ပါ ...
မျှော်လင့်ချက် ဆိုတာ
ဆံနွယ်စတွေရဲ့ ကကြိုးဆန်းနဲ့
ခေါင်းစဉ်မဟုတ်တဲ့ ခေါင်းစဉ်တခု
မြင်ပြင်းကပ်တဲ့ မိုးစက်တွေလည်း
ရင်ခုန်သံကို မအေးစက်စေဘူး
ရှတတ ခပ်ပြင်းပြင်း ကော်ဖီတခွက်

ရင်ခုန်သံ စည်းချက်တွေနဲ့
ရေမှုံလေးတွေ ပျံဝဲနေတယ် +++

ရနံ့ပါးပါး နှာသီးဖျားလေးက
မဖြေရက်ပေမယ့် မေးချင်ခဲ့တယ် +++

ပြဇာတ်ဆန်တဲ့ ဘ၀ပေမယ့်
မျက်ဝန်းထဲမှာ မြင်ယောင်တယ် +++

ကဗျာဖြစ်ခဲ့တယ် ... ။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...