Tuesday, April 10, 2012

ရသမှား

မနေ့က

အတိတ်တွေရဲ့ ဒဏ်ရာနာတရနဲ့
ခပ်ဟဟ စိတ်တံခါးတချပ်
ဖွင့်ဟဖို့ အနေကျပ်နေတယ် ...

ဒီကနေ့

ပစ္စုပ္ပန် ရှင်သန်ခြင်းနဲ့
တင်းကျပ်တဲ့ တံခါးချပ်
ရိုက်ချလို့ ဖွင့်လိုက်တယ် ...

မနက်ဖြန်

တင်ကျန်ရစ်မဲ့ အနာဂတ်မှာ
ပွင့်ဟလွန်းတဲ့ တံခါးချပ်
လေပြင်းထန်လို့ ရိုက်နေတယ် ...။     ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...