Thursday, February 23, 2012

ဘာသာပြန်ရန် မလိုပါ


ဆာလောင်နေတဲ့ မနက်ဖြန်တွေကို
ချွတ်နင်းဖြတ်သန်း လှမ်းကျော်ပြီးမှ
မနေ့ကလို ရပ်တန်းကရပ်
ကျပ်မပြည့်တဲ့ လက်တွေ့ဘဝက
မနေ့တနေ့ကို ပြန်တမ်းတ
ပျော်ရာမှန်းရင်း လမ်းပျောက်
တော်ရာလှမ်းရင်း ဗန်းမှောက်
အဖော်ရှာစမ်းရင်း ****
နောက်ဆုံးမရောက်ခင်မှာ ...
အိပ်တယ်၊ စားတယ်၊ အညှီကြိုက်တယ်
အဆင့်လိုက် တန်းရင်တော့
လူ့တစောက်ကန်း ငါက
သတ္တဝါထဲမှာ နံပါတ်ဝမ်း ...။ r ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...