Friday, March 27, 2009

ခွန်းတုံ့

မုသားတခွန်းနဲ့
တုမှားခြင်းလို့ ညွှန်းစေဖို့ခက်
သူများဦးတဲ့ ချစ်ရသူ...

သစ္စာတခွန်းနဲ့
အပြစ်အနာဆာ ယွန်းစေဖို့ခက်
မုသားစူးတဲ့ ချစ်ရသူ...

တုမှားစွာ ရစ်မူးဖူးခဲ့
ခုများမှ ရူးသွပ်ရစေလို့
သူများတွေအပျော်ကြူးမှ
မော်ဖူးရခက်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...