Saturday, March 21, 2009

မျက်ကန်း

တမ်းတယုံနဲ့ ပုံပြင်တပုဒ်
ရွှေကျုတ်ထဲက ငါ့နှလုံးသား
မင်းရဲ့ ဥပက္ခာတရားတဲ့
မှတပါး တိုင်ကြားရာမဲ့
မျှော်လင့်ချက် ဇောနဲ့
လွင့်မျောခဲ့ရ...

တကယ်ဆို...

မင်းနဲ့ငါက
တမန်တော် မမိန့်ခဲ့တဲ့
မိန့်မှာချက်တခု...

မင်းနဲ့ငါက
ဘုရားသခင်မပေးခဲ့တဲ့
ဖန်ဆင်းမှုတခု...

မင်းနဲ့ငါက
ဗုဒ္ဓဟောကြားခြင်းမမည်တဲ့
သမုဒ္ဒယ သစ္စာတခု...

မင်းနဲ့ငါက
ကိုယ်တိုင်ရွေးချယ်လွဲမှားခဲ့ကြတဲ့
ဝါဒကွဲတခု...

ပြုခဲ့ပြီးမှတော့
တစ္ဆေမကြောက် တောလည်း မှောက်ပေါ့...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...