
မြေဇာသယ်တဲ့ ငါမပါဘူး...
ဆူးချက်ရှတ ကြမ်းတဲ့လက်က
ရေကြည်ပေါက်မျှ ဆက်ဖို့ပါ...
ဒါကို... အလှတရား မသိခဲ့
ငါ့လက်က ပွင့်တဲ့ပန်း
မွှေးပျံ့ချိန်တော့ မြဲစေချင်ရဲ့
လေပြေတွေ မနှောက်ယှက်နဲ့
သူမ... ဖူးပွင့်ခဲ့ပြီ...။
တွေးမိတိုင်း ကျေနပ်ယုံမျှ
ရေကြည်ခလို့ ပေါင်းရှလို့
လမ်းမကျတဲ့ တွယ်တာခြင်းနဲ့
မှန်းရခက်တဲ့ မေတ္တာ...
သုံးရာသီ ခစားရက်ရှည်
ဆူးချက်တွေ သက်သေနဲ့
ဒုတိယ ကျမ်းကြိမ်အယူခံမှာ
အသနားခံစာမပါတဲ့ တရားခံအတွက်
လွတ်လပ်စွာ ဖယ်ကျန်ခွင့်
ထင်ကျန်ရစ်စေချင်ရဲ့
သူမရဲ့ အလှတရားမှာ...။
ဆူးချက်ခံခွင့် နိဒါန်းဖွင့်မှာ
ရင့်တယ်ပြောပြော၊ ကျောတယ်ထင်ထင်
ငါ့ရင်က မင်းအတွက်ရှိုက်သံ
ရိုက်သံပြင်းဆဲ စည်းချက်
ပြိုကျလု ရေစက်တွေက
နေခဲ့ရ မင်းနဲ့အဝေးမှာ
ဘ၀တွေက တဖြည်းဖြည်း အလှမ်းကွာ
မတမ်းတပါနဲ့ ချစ်သူ
အိပ်မက်တခြမ်းပဲ့နဲ့ ငါ့ဝိဥာဉ်မှတ်တမ်းက
မင်းအတွက်အရာရာ ပေးဆပ်ချင်ဆဲပါ...။ ။
No comments:
Post a Comment