Thursday, April 19, 2012

လက်ကျန်

ခြေတလှမ်း ရပ်လိုက်တယ်
လေဖမ်းလို့ ... ဒါန်းစီးလို့ ...
မြေလမ်းကထွေတခြမ်းစာ
မပြေတဲ့ ဇာတ်လမ်းကို
စွေတဲ့မိုးလို ရေမတိုးအောင်ရွာ
သေမယ့်အမျိုးဆိုတော့
ကြွေဦးမယ့် မနက်ဖြန်ရောင်ခြည်မှာ
ဆည်းဆာလိုတောက်ပ
မီးဇာကုန်လု ဆီမီးခွက်က
တရက်မက အလှပနဲ့စီးမျှော
ဇောအတန်တန် ကျန်ခဲ့ပြီ ... ။    ။ 

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...