Tuesday, August 31, 2010

ပေါင်းစပ်ခြင်း အနုပညာ

အတိတ်စိမ်းကား တမ်းတမိဆဲ
အနေသက်သက် အဖြေခက်ပြန်
ကျန်ရစ်ခဲ့တဲ့ ... ဒဏ်
တန်မပြန်ချင်ပေမယ့်
အမှန်တရားတခု
အခုမှထွက်ကျလာတာမဟုတ်
ကျုပ် မေ့ဖို့ကြိုးစားခဲ့တာ ...

အမှန်တရားတဲ့လား ...?
ငါ့ကို လိမ်လည်သွားတယ်
သူမ လာလာ မလာလာ
မျှော်မိတာ မျှော်မိယုံလေး ...

ဆွေးလည်းဆွေး ဝေးလည်းဝေး
ဝေးဝေးကနေ ဆွေးမိကာမှ
ဆွေးဆွေးလေးကနေ ဝေးဝေးသွားတယ် ...

ရင်ဘတ်ထဲမှာ မင်းရှိနေရင်
ပိုင်ရှင်မဲ့ ညနေခင်းတွေမှာ
ငါ့ကိုယ်ငါ စေစားနိုင်တယ် ...

ခုတော့ ...
ခပ်ပါးပါး ခပ်ပျော့ပျော့ကနေ
တဆင့်ထပ်လို့ ရောစပ်တတ်နေပြီ...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...