Friday, August 27, 2010

မာယာ

တွေးကြည့်မိတယ်
ဒဏ်ရာတွေပြန့်ကျဲ ရင်ခွင်နက်ထဲကနွေ
ပြေပြေလည်လည် ကြေကြေငြိမ်းငြိမ်း
ငါ့အတွက်
ရေလှည့်အခတ်မှာ ယိမ်းတဲ့ဂယက်
လေပွေလိုဆွဲ ရေကိုချဲလို့
ဆွဲခေါ်သွားတယ် ...

မနက်ဖြန်မှာ ကြမ်းခင်းမမှီဘူး။
ဒီနေ့လည်း ကောင်းကင်မရောက်ဘူး။
မနေ့ကတော့ မြေပြင်မှာဒူးမတင်ခဲ့ဘူး။

ဒီလိုနဲ့ ဝေ့လည်လည်အဆွဲမှာ
ဝဲနေတော့တယ် ...
ရွယ်ရာရည်မဲ့ ဦတည်မဲ့နှင့် ... ။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...