
ရော်ရမ်းမှန်းကာ အိပ်မက်မှာတွေ့မှ
ပြုံးစစနှုတ်ခမ်းအစုံက ပုံပြင်တပုဒ်
သက်ရှိ နတ်သမီးရုပ် ဖြစ်ခဲ့တယ်...
ရူးသွပ်စွာ တမ်းမောရင်းက
အိပ်မက်တဒင်္ဂ ဘ၀ဖြစ်ခဲ့တယ်...
မုန်တိုင်းမရှိ လေနုမခြား
ကြယ်တွေအကြားက လမင်း
နံဘေးမှာဆင်းသက် ရေရိပ်သက်ဝင်
ရူးသွပ်သူ့ရင်မှာ အစစ်ထင်ခဲ့တယ်...
ဒီလိုနဲ့ ...
အိပ်မက်ပါ ကွယ်ပျောက်သွားတယ်...
မျှော်လင့်ချက်က လမ်းလျှောက်နေတယ်...
နှလုံးသားက ရှာဖွေနေတယ်...
မရေမရာနဲ့ နေ့တွေကြာခဲ့တယ်...
သေချာတာ သူရှောင်ပုန်းနေတယ်...။ ။
No comments:
Post a Comment