Friday, February 26, 2010

ဖြေလက်စ

ကဗျာတပုဒ်ကို
ညှစ် ထုတ်ကြည့်တယ်...
ရစ် ထုတ်ကြည့်တယ်...
ခြစ် ထုတ်ကြည့်တယ်...
အပြစ်လုပ်ကြတဲ့ ယစ်ထုပ်ဘ၀က
ခပ်မွဲမွဲ စာရိတ္တနဲ့ ခေါင်းပေါင်းစမလန်ဘူး
အကြံတူတွေအကြားမှာ
တောင်ပို့ကို နံ့သာ မပက်ပါဘူး
မိုးခါးရေတူးဖို့ ကျန်သေးတယ်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...