Thursday, November 5, 2009

အိမ်အပြန်လမ်း

ဒီရေ ၊ လမင်း
အချိန် နဲ့အိမ်ဆိုတဲ့ကျောခင်းရာ
တိုးတိတ်လျှပါး ခြစားသွားတဲ့နေ
ကြွေနေတဲ့ရွက်ဝါ
နေရယ် မိုးရယ် လုံးချာလည်ရင်း
နှင်းမရောက် ဆောင်းပျောက်တဲ့ကမ္ဘာ
အချိန်ချောက်ခန်း အတ္တလမ်းအဆုံးမှ
ကျရှုံးရှုံး ဘ၀ဆုံးဆုံး
အချိန်တန်တော့လည်း ပြန်ချင်ရဲ့
အမေကြိုတဲ့ အပြုံးနဲ့လမ်း...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...