Monday, October 12, 2009

သူရူးတယောက်ရဲ့ ဖတ်စာ

တခါတုန်းက...
နေစားလို့ ကြွေသွားဖူးတဲ့
ပန်းတရုံ ရှိတယ်...။

ကြက်တော သူပြောဖူးတဲ့
အသီးတပင်လည်း ရှိတယ်...။

လက်ညွှန်ရာ ရေဆင်းတဲ့
လှေတစင်းလည်း ရှိတယ်...။

ဒီလိုနဲ့
ပုံပြင်တွေ အသက်ဝင်ခဲ့တယ်...။

အသွေးစိုတဲ့သမင်ပျိုလည်း
ကျားကို အရှင်တင်... ကိုး
ပန်းမျိုးသစ် တိုးခဲ့တယ်...။

အဟိတ်သော ကျိတ်ရော
ဆူတောမှာ ဇောအထပ်ထပ်ယိုး
တောအထပ်ထပ် တိုးခဲ့တယ်...။

လှေတစင်း
မြေရှင်းပြီး ခြေချုပ်ခတ်
မြေကျတ်လို့ ရေပြတ်ခဲ့တယ်...။

နောက်ဆုံး ...
ပန်းကြွေလေးကို အရွက်ဝေခံပြီး
ကျပ်ပြင်မှာ နတ်တင်ခဲ့တယ်...။

အပြုံးမှာ ကျစ်စာတပ်ပြီး
နတ်ဆိုးတွေ သြဘာပေးကြတယ်...။ ။

2 comments:

ဖြိုးငယ် said...

ရေးထားတာလေး မဆိုးဘူးဗျ ...
ဆက်ရေးရင်ပိုတောင်ကောင်းဦးမယ်ထင်တယ် ....

Unknown said...

ဆက်ရေးချင်တယ် ...
စကားလုံး စယိုး စရိမ်နဲ့
လက်သခိုး ကယိုး ကလိမ်နဲ့
တက်အကျိုး လှိုင်းအယိမ်ကြားမှာ
ချက်ကြိုးမပြတ်တဲ့ ရင်ခုန်သံက
သမုဒ္ဒယကမ်းကို လှမ်း
နှလုံးသားထဲမှာ ကဗျာတခြမ်းကျန်တယ်...။ ။

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...