
စလယ်ဝင်ကို ဖယ်ကြင်ခဲ့တယ်။
အီစီကလီခေတ်ရဲ့ ပျက်ကပ်ကပ်ညနေမှာ
ပလက်ဖေါင်း ခယောင်းထနေတယ်။
ဒါ...
အမြီး တဲ့လား ... ?
စဉ်းစားပြီးမှ မြိုချ
ဇာတ်သိမ်းနဲ့ ပြန်စခဲ့တယ်။
မိုးသောက်နဲ့ နေ၀င်မှာ
နေခြည်က ရင့်ဆွေးနေတယ်။
ဒါနဲ့
မျက်လုံးစိမ်းကို ခေါက်သိမ်းရင်း
ချဉ်ခြင်းတစုံ ကောက်ရခဲ့တယ်။
အစရှာရင်း
ညတွေမှာ ထွက်ပေါက်မဲ့နေတယ်...။
1 comment:
ထွက်ပေါက်မဲ့နေတဲ့ ညတွေ ကုန်ဆုံးပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Post a Comment