Tuesday, July 7, 2009

ရွယ်ရာမဲ့

အမေ
နေကြွေမယ့်နေ့ကို
မတော်တရော် တွေးခေါ်မှုတချို့နဲ့
တွေးပျော်ခဲ့တဲ့ ရက်တွေကို
နှမျောတသ ပြန်ရချင်တယ်...။

အမေ
လမွဲတဲ့ရက်
ပျက်ဿုန်းလု အလင်းနဲ့
ရွေ့လျှားခြင်းမဲ့တဲ့စိတ်နဲ့
တိတ်ဆိတ်မြိုသိပ်ခဲ့ရတဲ့ရက်တွေ
အတွေးတစက ပြန်နိုးထစေတယ်...။

အမေ
နှံရက်တဲ့ လှံချက်အကြားမှာ
မြေခင်းက ကြွေဆင်းနေတယ်...။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...