Tuesday, April 21, 2009

ဇိုး

လက်ဖ၀ါးစုံရဲ့ နူးညံ့ချင်းအတွေ့နဲ့
မိန်းမောခဲ့တဲ့ ရက်စွဲတခု
မက်ထရိုခေတ်ရဲ့ စင်္ကြကွေ့မှာ
ပျားပန်းခတ်တဲ့ သူတွေအကြား
ချစ်ဇာတ်လမ်းတပုဒ်
တခန်းရပ်ဇာတ်ထုပ်လို
သစ်ရွက်မရှိတဲ့နွေ နှင်းမဝေတဲ့ဆောင်း
မိုးပေါက်တို့ ခခြွေဆဲ နေရောင်နှစ်ပေါင်းများစွာ
မင်းက ငါ့ရဲ့ နိဒါန်းမဟုတ်တဲ့ နိဂုံး
အစကို လှည့်ပြန်တူး ရူးမတတ်ချစ်ခဲ့တယ်နော်...

စာတကြောင်းနဲ့ နှစ်မပြောင်းတဲ့ဘ၀မှာ
ခက်ထန်တဲ့ အတ္တမာန်သွေးတဲ့
မင်းရဲ့ ...
ဖိတ်စာမပါတဲ့ လက်ထပ်ပွဲ
ငါ့ရဲ့ ...
အသိတရားမရှိတဲ့ အတ္တစွဲ
လူမိုက်တကောင်အတွက် အတသရ ရက်စွဲ
ပုလင်းပြားထဲမှာ ခွေ
ဒီလိုနဲ့ ...
နေတွေဝင်ခဲ့တယ်...
ညတွေကို အရည်ဖျော်ရင်း
ပုလဲသီ မြေမခတဲ့ ရှိုက်သံနဲ့
ငါ့သရုပ်မှန်ရောက်ခဲ့တယ်...။ ။

1 comment:

Mogok Thar said...

ညတွေကို အရည်ဖျော်ဖို့ ပုလင်းပြားထဲဝင် ခွေ ခဲ့တယ်

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...