Monday, March 2, 2009

ငါမသိတဲ့အခါ

တိမ်တွေလွင့်မျော လေပြေကျောမှာ
လူးလွန့်လှုပ်ရှား ပြောင်းလဲသွားတာ
သတိမချပ် အသိခက်တဲ့ခဏ
အချစ်က လေပြေနဲ့တွေ့ခဲ့တယ်...။

ဘ၀က မိုးတိမ်ဖြစ်လို့
အနာဂတ်တွေ အိပ်ပျော်သွားတယ်...။

အနာဂတ်က အိပ်မက်ဖြစ်လို့
ပစ္စုပ္ပန်တွေ မြေစိုင်ဖြစ်သွားတယ်...။

ပစ္စုပ္ပန်က မြေစိုင်ဖြစ်လို့
အတိတ်ကို ခြစားသွားတယ်...။

ဒီလိုနဲ့ ...
အလင်းရဲ့ နက်ရှိုင်းတဲ့ရသမှာ
မျက်ကန်းဘ၀ရောက်သွားတယ်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...