Tuesday, September 14, 2010

နောင်တဆန်သော တမ်းမောခြင်း

အဲဒီနေ့က
လေပွေမရိုက်ဘဲ ကတိုက်ကရိုက်ကြွေနေတဲ့
ကဗျာတွေ လမ်းမှာဝေနေတယ်...

အဲဒီနေ့က
ခဏလို့ဆို ပြိုမလိုမိုးထဲ
အပေါင်းကိုးဆယ် စံချိန်တင်ခဲ့တယ်။

အဲဒီနေ့က
ပ၀ါတကမ်း လက်မလှမ်းဘဲ
ခုံတတန်းထဲမှာ ဝေးခဲ့တယ်။

အဲဒီနေ့က
ရင်ခုန်သံတခြမ်း ဇာတ်လမ်းအစ
လမ်းမထက်မှာ ကျန်ခဲ့တယ်။

အဲဒီနေ့က
နှုတ်ဆက်စကား နှုတ်ဖျားကထွက်ကျ
ဘူတာရုံလမ်းခွဲက ဆွေးခဲ့တယ်။

အဲဒီနေ့က
မိုးစက်ပွင့်ဝေ မကြွေခဲ့ပေမယ့်
တို့နှစ်ယောက်ရင်မှာ ရေစိုခဲ့တယ်။

အဲဒီနေ့က
စီးဆင်းသွားတဲ့ ရေစီးကြောင်းမှာ
ရေစင်တစက် ငါဝှက်မိတယ်။

အဲဒီနေ့က အဲဒီနေ့မှာ ကျန်ခဲ့တယ်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...