Tuesday, September 7, 2010

စက်တင်ဘာ

ဒါ စာတပုဒ်ပါ
ကဗျာတပုဒ်လည်း ဖြစ်ချင်ခဲ့တယ်
ဒါပေမယ့် ...
ဆုတောင်းမပြည့်ခဲ့ဘူး။

သူက စက်တင်ဘာ
ကျိန်စာလည်း မဟုတ်ခဲ့ဘူး။
ကျိုးကျိုးနွံနွံ ဆည်းကပ်သလိုနဲ့
ချေး(ဂျီး) တက်နေတဲ့ ၀ိဥာဉ်ဖြူတကောင်
အမှောင်မှာလည်း ပျော်မွေ့တယ် ...

ယောင်နန အတွေးခေါ်တွေနဲ့
ဘေးချော်တဲ့လုပ်ရပ်သူ့အတတ်က
နှလုံးသားတို့ရဲ့ယဇ်ပလ္လင်
ဖြူစင်ခြင်းကို မှော်တွေသွင်းလို့
ခွပ်လက်စမ်းတဲ့ အိမ်ကြက်ငယ် ...

မီးခိုးမှိုင်း သိုင်းခြုံရုံ မထင်နဲ့
အတ္တမြူစိုင်း ရှစ်တိုင်းဝေခဲ့တာ
ဖြစ်စရာရှားလို့ ဒင်းလက်ပါးမှာ
ရုပ်တခြမ်း နာမ်တခြမ်း
ဇာတ်လမ်းသေသလို နာတာရှည်ခဲ့ ...

ကြာခဲ့လေပြီ ...
ဒါပေမယ့် ...

မိုးရေစက်စက် မြေသားထက်မှာ
ရနံ့လက်ကျန် စွဲကျန်သေးတယ်...

အိပ်ဖို့ကြံတိုင်း အိပ်မက်တိုင်းမှာ
ပုံရိပ်ပြန်ဖြစ် ညအရိပ်လင့်တယ်...

အပြင်မှာ ငွေလရောင်နဲ့
အိမ်ထဲမှာ မှောင်မိုက်နေတယ် ... ။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...