သား ။ ။ မေမေ သားကြက်ဥကြော်နဲ့ စားချင်တယ် ...
မိခင် ။ ။ သားကလိမ္မာပါတယ်နော်။ မေမေ ထမင်းကို ဆီဆမ်းပြီး ဆားလေးဖြူးထားတယ်လေ။
သား ။ ။ ဟင့်အင်း။ သားက ကြက်ဥကြော်နဲ့ စားချင်တာ ...
မိခင် ။ ။ သားလေး ... ဟိုးကောင်းကင်ပေါ်ကို ကြည့်လိုက်စမ်း။ ဖိုးလမင်းကြီးတွေ့လား ...။
သား ။ ။ ဟုတ်ကဲ့မေမေ။ ဖိုးလမင်းကြီးက ၀ိုင်းနေတာဘဲနော်...
မိခင် ။ ။ ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ သားလေးကိုကြွေးပါ ... +++ ကဲ ... သားစားလို့ ကောင်းလား ...။
သား ။ ။ကောင်းတယ်နော် မေမေ လမင်းကြီးက ချစ်ဖို့ကောင်းတယ် ...
မိခင် ။ ။ ဒါပေါ့ သားကလည်းလိမ္မာပါတယ် ...။
ဒီလိုနဲ့ သားအမိနှစ်ယောက်ရဲ့ ထမင်းဝိုင်းလေး လှပစွာ ပြီးဆုံးသွားတော့တယ်။ ဒါပေမယ့် ထမင်းဝိုင်းရဲ့ တထောင့်တနေရာက ဇာတ်လမ်းစခဲ့ပြန်တယ်...
စောင့်ဆိုင်းနေတဲ့ ကြွက်မိသားစုလေးအတွက်ကတော့ ဆီမနိုင်လို့ အပေါ်ယံတင်းနေတဲ့ ထမင်းစေ့ အချို့က တခဏတာနှစ်သိမ့်နိုင်ပေမယ့်... အသိုက်ပြောင်းဖို့ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတော့တယ်...။
ကြွက်ကလေးက စကားတခွန်းပြောသွားတယ်...
"ပုံပြင်လေးက ဘ၀ပါ" တဲ့လေ ...
No comments:
Post a Comment