
ရဖို့လည်း ကြိုးစားခဲ့ဖူးတယ် ...
အကြိမ်ကြိမ် ++
အခါခါ ++
နေတာကြာလာမှ သေချာမှုတခုညိတယ် ...
အမှန်လို့ထင်ရတာ သိတယ် ...
ဖြစ်ပျက်ခဲ့မှုတွေ ရှိတယ် ...
အကြောင်းစစ်လို့လည်း အကျိုးဖြစ်ခဲ့တယ် ...
သမုဒ္ဒယတမျှင်နဲ့
ဘ၀ကို ...
ထာဝစဉ် မချည်နှောင်ချင်တော့ပါဘူး။
မကြင်နာသူ စိမ်းလိုကစိမ်း
လေအသင့်လိုက်ကာ ယိမ်းတော့မယ်...။ ။
1 comment:
"သမုဒ္ဒယတမျှင်နဲ့ ဘ၀ကို
ထာဝစဉ်မချည်နှောင်ချင်တော့ပါဘူး။
မကြင်နာသူ စိမ်းလိုကစိမ်း
လေအသင့်လိုက်ကာယိမ်းတော့မယ်"အဲဒီစာသားလေး အရမ်းကောင်းတယ်။နောက်ထပ်လည်း ခံစားချက်စာသားလေးတွေ ရေးပါအုံး...
ခင်မင်မှုဖြင့်...
ညယံ
Post a Comment