Sunday, July 4, 2010

ဒွိဟ

လမင်းရေ ...

စက္ကန့် ++++
မိနစ် ++++
နာရီ ++++
ရာသီတွေပြောင်း နှစ်ဟောင်းတွေကြွေ
မြေမှာ လေမှာ
ရွက်ကြွေတွေနဲ့ ငှက်တွေနဲ့
မင်းနဲ့ ငါနဲ့ ဝေးခဲ့ရတာ
မသိချင်ပေမယ့် သိနေသေးတယ်...။

လမင်းရေ ...
တိမ်မဲတွေ ဝေ့၀ဲလို့
ကြေကွဲသူရင်ကိုနှံ အတိတ်ကိုချန်
ကြိတ်မှိတ်မှိုင်တွေ ရက်စွဲတွေ
မရှိစေချင်ပေမယ့် ရှိနေသေးတယ်...။

လမင်းရေ ...
ပျောက်သောသူရှာရင်တွေ့လို့
သူတို့တွေ ဆိုကြတယ်
အခွင့်အရေးဆိုတဲ့ စည်းဘောင်ထဲက
အစွမ်းရှိသမျှကြိုးစား မနက်ဖြန်ရဲ့တရားကို
မမျှော်လင့်ရဲပေမယ့် မျှော်လင့်နေသေးတယ်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...