
တမ်းတရက်ဆက် ရှည်ခဲ့တယ် ...
နေ့တိုင်း ညတိုင်း ကြုံတိုင်းလွမ်းလည်း
မေ့ပျောက်သလောက် ရှိခဲ့တယ် ...
မေ့ပျောက်သရောင် အနေချောင်လည်း
တေလေစိတ်က တမ်းတတယ် ...
တမ်းတစိတ်တွေ ကြိမ်ဖန်ထပ်လည်း
ကြင်နာမှတ်ကျောက် ပျယ်ခဲ့တယ် ...
ကံကြမ္မာလည်း မှားခဲ့တယ် ...
ကိုယ်တိုင်ကိုယ်ကျ မှားခဲ့တယ် ...
စန်တာကလော့လည်း မှားခဲ့တယ် ...
နေရာကလည်း မှားခဲ့တယ် ...
အချိန်တွေလည်း မှားခဲ့တယ် ...
အမှားတွေကို အတိတ်မှာထားခဲ့တယ် ...
ပစ္စုပ္ပန်မှာ အနေမှန်သွားတယ် ...
အနာဂတ်က ပညတ်သွားတယ် ...
အလွမ်းရင့်ရင့် ခရီးရှည်လွင့်နေတယ် ... ။ ။
No comments:
Post a Comment