Tuesday, June 16, 2009

သက်တမ်းလွန်

နေချိုရယ် လေပြေရယ်
ရှင်သန်ခြင်းမဲ့ အနာဂတ်ရယ်
ညရယ် ကြယ်ရယ်
သံဝါသ မပါတဲ့ လင်္ကာရယ်
အချစ်ရယ် အမုန်းရယ်
စစ်မှန်ခြင်းမဲ့တဲ့ ကံတရားရယ်
ကော်ဖီတခွက်နဲ့ ရေတစက်ရယ်
ခုတော့အငွေ့ထဲမှာရီဝေ
ထွေနေတဲ့ည
အလင်းမဲ့မျက်ဝန်းနဲ့ အမှောင်မှာပျော်လွန်းသူ
အရှုံးမဲ့တဲ့အလွမ်း တမ်းတရာမဲ့
နှုတ်ခမ်းနှစ်မွှာက မုသားတစက်နဲ့
ခုတော့ ကြွေခဲ့ပြီ...။

1 comment:

Mogok Thar said...

အတူတူ ကြွေဆင်းခဲ့ပါတယ်။
ကိုကတော့ တကယ် သက်တမ်းလွန်နေလို့လေ။

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...