Saturday, May 30, 2009

ခက်

အခွင့်ရှိမည်ဆိုလျှင်
ဒီနေ့၊ ဒီရက်၊ ဒီမနက်မှာ
ဆောင်းဆုခြွေ ဝေစေချင်၏
ဆီမီးတတိုင်၊ ပန်းတခိုင်နှင့်
ရေချမ်းတခွက်၊ ရင်ဝယ်ပိုက်လျှက်...။

အခွင့်ရှိမည်ဆိုလျှင်
ဒီနေ့၊ ဒီရက်၊ ဒီမနက်မှာ
ခွန်းခြွေတေးသီ ဆိုနေချင်၏
ကိုယ်တိုင်သီချင်း ခံစားခြင်းနှင့်
ရင်ခုန်စည်းချက် တူညီလျှက်...။

အခွင့်ရှိမည်ဆိုလျှင်
ဒီနေ့၊ ဒီရက်၊ ဒီမနက်မှာ
အတွေးစ ချွေးစကြားက အငွေ့ပျံ
အေးမြခြင်းနဲ့ ဖေးမချင်၏
ဘ၀မပေး နှစ်ကိုယ်ဝေးလျှက်...။

အခွင့်ရှိမည်ဆိုလျှင်
ဒီနေ့၊ ဒီရက်၊ ဒီမနက်မှာ
ဂစ်တာတလုံး ကိတ်တလုံးနှင့်
သူမအပြုံး အပျော်ထုံးနှင့်
ပိတိမျှဝေနေချင်ပါလျှက်...။ ။

1 comment:

Mogok Thar said...

နှစ်ကိုယ်တူ ချစ်ဘ၀ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ။
ကဗျာလေး လာဖတ်သွားတယ် ညီလေးရေ

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...