Monday, May 25, 2009

မြေနိမ့်ရာ

ကွာဟခြင်းတခုအတွက် ကွာလှပြီလို့ဆို
ပြိုချင်ပြိုလျှက် ပြိုရက်ကတင်း
စိတ်အလျှင်းမဲ့ ငိုခြင်းခက်ခဲ
ရင်ထဲအေးခဲ မျက်ရည်စဲ
ရေမဲ့သောမြစ် ...။

ရည်ရွယ်ခြင်းတခုအတွက် ကြာလှပြီဆို
တာပြိုရေဆင်း ဖယ်ခြင်းကခက်
တာပျက်အဆင်း မျှောဆင်းခြင်းမဲ့
တာဘောင်ကျော်မှ အောင်မြေနင်း
ပရိယာယ်အလျှင်း ကောက်ကွေးခြင်းမဲ့...။ ။

1 comment:

Mogok Thar said...

မြစ်တွေက မြင့်ရာက နိမ့်ရာကို စီးဆင်းကြတယ်။ လူတွေက နိမ့်ရာက မြင့်ရာကို စီးဆင်းကြတယ်။

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...