Saturday, January 24, 2009

သွေဖီခြင်း

မိတ်ဆွေမရှိတဲ့ ညနေမှာ
နေမင်းသွေတဲ့ လေပြေနဲ့
သယ်ဆောင်လာတဲ့ တွေဝေခြင်း
ခြေဆင်းမပါတဲ့လင်္ကာတပုဒ်
စက္ကူစုတ်မှာ ရေးခြစ်
မင်းမသိတဲ့ တေးသွားအဖြစ်နဲ့
သံစဉ်အချို့ လွတ်ပျံ့ကျဲ
သွေးထဲကို ရေကျဲသွန်
မွှန်နေတဲ့ ရနံ့ပျက်နဲ့
နေ့နဲ့ ညနဲ့
မင်းနဲ့ ငါနဲ့
ဒီလိုနဲ့ ...
နောက်ကျောမှာ လမင်းသာနေတယ်...။ ။
***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...